18 March 2022
၂၀၂၂ ခုနှစ်၊ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်း

Cho Cho Group of Companies မိသားစုမှ မြန်မာ့ရိုးရာ ထမနဲထိုး ပြိုင်ပွဲအား COVID-19 စည်းကမ်းချက်များနှင့်အညီ ၂၀၂၂ ခုနှစ်၊ မတ်လ၊ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်စက်မှုဇုန်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ထမနဲထိုးပြိုင်ပွဲတွင် ရသာချိုစက်မှုလုပ်ငန်း လီမိတက်၊ ချိုချို စက်မှုလုပ်ငန်း လီမိတက်၊ မြန်မာဇာလ ဖြန့်ချိရေး၊ Parama Technologies နှင့် One Link Technologies တို့မှ ဝန်ထမ်းများ စုပေါင်း၍ အသင်း (၁၃) သင်းစုဖွဲ့ ကာ ယှဉ်ပြိုင်ခဲ့ကြပါသည်။
ထို့နောက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု နှင့် နှစ်သိမ့်ဆု ရရှိသွားကြသော အသင်းများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီ း ထမနဲထိုးပြိုင်ပွဲအား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။