မန္တ‌လေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ Covid-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ နှင့် ကုသနေသောပြည်သူများ အသုံးပြု‌နိုင်ရန် ရည်ရွယ်၍ ရသာချို စက်မှုလုပ်ငန်း လီမိတက် Yum Yum Myanmar မှ နိုဝင်ဘာလ အတွက် ပထမအကြိမ်အဖြစ် (၁၉/၁၁/၂၀၂၀) တွင် (ငွေကျပ် ၁,၀၇၁,၀၀၀ တန်ဖိုးရှိ) ခေါက်ဆွဲခြောက် အထုပ်ရေ စုစုပေါင်း (၆,၃၀၀) ထုပ်အား လှူဒါန်းခဲ့ပါသည်။
နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ရောဂါဘယ ကင်းဝေး၍ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ…