26 June 2017
Yum Yum Premier Lucky Draw Program 2017

Terms & Conditions of Yum Yum Premier Lucky Draw.
၁။ ကံစမ်းမဲကာလ – ၁၇ ဇူလို်င်လ ၂၀၁၇ မှ ၁၄ အောက်တိုဘာလ ၂၀၁၇ ထိ (ရက် ၉၀)
၂။ ကံစမ်းပေးမည့်ဆုမဲများ – (၁)ရက်လျှင် (၁)သိ်န်းဆု (၁၀)ဆု
၃။ ကံစမ်းမဲအစီအစဉ်တွင် အကျုံးဝင်သည့်ကုန်ပစ္စည်းများ
Yum Yum Premier Instant Noodle -Chicken Flavour 60 grams
Yum Yum Premier Instant Noodle –Chicken Curry Flavour 60 grams
Yum Yum Premier Instant Noodle –Prawn Curry Flavour 60 grams
၄။ ကံစမ်းမဲအစီအစဉ်အားပါဝင်ရမည့်နည်းလမ်း
၄.၁ . Register ပြုလုပ်ခြင်း
- Lucky Yum Yum Application ကို iOS ဖုန်းများအတွက် App Store နှင့် Android phone များအတွက် Play Store တို့မှှ download ရယူပြီး မိမိ၏ smart ဖုန်းတွင် install လုပ်ပါ။
- Lucky Yum Yum Application ကိုဖွင့်၍ အမည်၊ဖုန်းနံပါတ်၊မှတ်ပုံတင်အမှတ်၊မွေးသက္ကရာဇ်နှင့် အီးမေလ်းလိပ်စာတို့ုဖြင့် register ပြုလုပ်ပါ။ register ပြုလုပ်ထားသောဖုန်းနံပါတ်သို့ One Time Password အား SMS ပြန်လည် ပေးပို့သွားမည်ဖြစ်ပြီး ထိုPasswordဖြင့်submitပြုလုပ်ပြီးမှသာ register ပြုလုပ်သည့်အဆင့် ပြီးစီးမည် ဖြစ်ပါသည် ။
(မှတ်ချက် – register လုပ်ထားသော အမည် နှင့် ဖုန်းနံပါတ်သို့သာ ဆုမဲကံထူး/မထူးကို အကြောင်းကြားမည် ဖြစ်ပါသဖြင့် အမည်၊ ဖုန်းနံပါတ်တို့ကိုမှန်ကန်စွာဖြည့်ရန် လိုအပ်ပါသည်။ )
၄.၂ . ကံစမ်းပေးပို့ခြင်း
- ခေါက်ဆွဲထုပ်အိပ်ခွံ ( Noodle Packaging Film ) ၏အတွင်းဘက် တွင် ပါရှိိသော နံပါတ် (၁၄) လုံးကို Lucky Yum Yum Application ၏ Luckydraw ( ကံစမ်းမဲ ) အားနှိပ်၍ ပေါ်လာသော နေရာတွင်ရိုက်ထည့်ပြီး ၁၇.၀၇.၁၇ မှစ၍ကံစမ်းနိုင်ပါသည်။
မှတ်ချက် – အထုပ်ပေါ်တွင်ပါရှိသည့် နံပါတ်တစ်ခုလျှင်တစ်ကြိမ်သာ ကံစမ်းခွင့်ရှိသည်။ပေးပို့ထားသော အထုပ်ပေါ်တွင်ပါရှိသည့်နံပါတ်များကို အပါတ်စဉ် တနင်္လာနေ့တိုင်းတွင်ပေါက်မဲကြေငြာ ပြီးသည့်အချိန်မှစ၍ ပယ်ဖျက်သွားမည်ဖြစ်သည်။ဆုငွေထုတ်ယူရန်အတွက် ပေါက်မဲကူပွန်နံပါတ်ပါ အိတ်ခွံအားသိမ်းဆည်းထားရှိရမည်။
၄.၃ . ကံထူးသည့်သူများအား အကြောင်းကြားမည့်ပုံစံ
- ကံထူးသည့်သူများကိုသာ Lucky Yum Yum Application မှတဆင့်အပါတ်စဉ်တနင်္လာနေ့တိုင်း ညနေ(၄)နာရီတွင် Message ပေးပို့သွားမည်ဖြစ်သည်။
၄.၄ . ဆုမဲထုတ်ယူရမည့်ပုံစံ
- Application မှတဆင့် ဆုမဲထုတ်ယူလိုသူများအတွက် ပေါက်မဲနံပါတ် ပါရှိသည့်ခေါက်ဆွဲထုပ်(Packaging Film) အတွင်းနှင့်အပြင်၊ မှတ်ပုံတင်အရှေ့နှင့်အနောက် တို့ကို ဓာတ်ပုံရိုက်၍ Lucky Yum Yum Application မှတဆင့် ပေးပို့ရမည်ဖြစ်သည် ။ ပေးပို့ပြီးပါက Yum Yum စျေးကွက်မြှင့်တင်ရေး ဌာနမှ ကံထူးရှင်အား ဖုန်းဖြင့် ဆက်သွယ်ကာ လိုအပ်သောအချက်အလက်များကို မေးမြန်းကောက်ခံ၍ ကံထူးရှင်၏နီးစပ်ရာ ဘဏ်ခွဲများသို့ ငွေလွှဲပေးမည် ဖြစ်ပါသည်။
(ပေါက်မဲနံပါတ်အပြည့်အစုံမပါရှိခြင်းနှင့်ပေါက်မဲနံပါတ်ထင်ရှားမှုမရှိသောခေါက်ဆွဲထုပ်(Packaging Film) များအား လက်ခံစဉ်းစားမည်မဟုတ်ပါ။ပေးပို့လာသော ခေါက်ဆွဲထုပ်(Packaging Film) အတွင်းနှင့်အပြင်၊ မှတ်ပုံတင်အရှေ့နှင့်အနောက် ရိုက်ထားသည့် ဓါတ်ပုံတို့မှာ ရှင်းလင်းပြတ်သားရန် လိုအပ်ပါသည် ။ )
- ကံထူးရှင်သည် ဆုမဲအား ကိုယ်တိုင်လာရောက်ထုတ်ယူလိုပါက ရသာချိုစက်မှုလုပ်ငန်းလီမိတက် Marketing ဌာနတွင် ပေါက်မဲနံပါတ်ပါရှိသည့်ခေါက်ဆွဲထုပ် (Packaging Film) နှင့် မှတ်ပုံတင် (မူရင်း) တို့ကိုပြ၍ ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ပါသည်။
(ပေါက်မဲနံပါတ်အပြည့်အစုံမပါရှိခြင်း နှင့် ပေါက်မဲနံပါတ်ထင်ရှားမှုမရှိသော ခေါက်ဆွဲထုပ် (Packaging Film) များအား လက်ခံစဉ်းစားမည် မဟုတ်ပါ ။)
မှတ်ချက် – ကံထူးကြောင်း Application မှပေးပို့လာသော message ရရှိသူကိုသာကံထူးရှင်အဖြစ် သတ်မှတ်ပါသည်။
၄.၅ . ကံထူးသည့်နံပါတ်များအား ကြေငြာမည့်ပုံစံ
- ဇူလိုင်လ(၂၄)ရက်နေ့မှစ၍အပါတ်စဉ်တနင်္လာနေ့တိုင်းတွင် www.facebook.com/yumyummyanmar, www.yumyummyanmar.com တို့တွင် ကံထူးသည့်နံပါတ်များအား ကြေငြာပေးမည် ဖြစ်ပါသည် ။
- ဇူလိုင်လ(၃၁)ရက်နေ့မှစ၍ အပါတ်စဉ်တနင်္လာနေ့ထုတ် ကြေးမုံသတင်းစာတွင်လည်း ကံထူးသည့်နံပါတ်များအား ကြေငြာပေးမည် ဖြစ်ပါသည် ။
၅။ ကံစမ်းမဲအစီအစဉ်နှင့် ပါတ်သက်သည့် စည်းမျဉ်းစည်းကမ်းများ
- Yum Yum Premier Instant Noodle ၏ကံစမ်းမဲအစီအစဉ်တွင်ပါဝင်ကံစမ်းသူများသည်ရသာချိုစက်မှု လုပ်ငန်းလီမိတက်မှှအသေးစိတ်ဖော်ပြထားသည့်စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကိုနားလည်သိရှိ လက်ခံသဘောတူပြီးဖြစ်ရမည်။
- မိမိ၏ Account ကို တခြားသူများအား လွှဲပြောင်းခြင်း လုံးဝမပြုလုပ်ရပါ ။ ထိုသို့ပြုလုပ်ပါက ဖြစ်ပေါ်လာနိုင်မည့် အကျိုးဆက်များသည် မိမိတာဝန်သာဖြစ်ပါသည်။
- ရသာချိုစက်မှုလုပ်ငန်းလီမိတက်သည် ဤအစီအစဉ် (သို့မဟုတ်) ဤ Application (သို့မဟုတ်) ဤစည်းမျဉ်း စည်းကမ်းအား အချိန်နှင့်အမျှပြောင်းလဲခြင်း၊ ယာယီ (သို့မဟုတ်) အမြဲ ရပ်တန့်ခြင်းတို့အား ကြိုတင် အကြောင်း ကြားသည်ဖြစ်စေ၊ အကြောင်းမကြား သည်ဖြစ်စေ ပြုလုပ်ခွင့်ရှိသည်။
- သတ်မှတ်ထားသော အချက်အလက်များ ၊ စည်းကမ်းချက်များ နှင့့် မကိုက်ညီပါက ဆုငွေမရရှိခြင်း၊ဆုမဲ ရုတ်သိမ်းခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်သည်။
- ရသာချိုစက်မှုလုပ်ငန်းလီမိတက်၏ ဆုမဲများအား မသမာသော ရည်ရွယ်ချက်ဖြင့်ထုတ်ယူရန်ကြိုးစားခြင်း နှင့် မသင်္ကာစရာ တစ်စုံတစ်ရာတွေ့ရှိပါက တည်ဆဲတရားဥပဒေအရ အရေးယူခြင်းခံရပါမည်။
- ဆုမဲထုတ်ယူခြင်း၊ ရယူခြင်း ၊ ပါဝင်ကံစမ်းခြင်းနှင့်ပတ်သက်၍ ထပ်မံကုန်ကျသည်များကို မည်သည့်အခြေအနေ မျိုးတွင်မဆို ရသာချိုစက်မှုလုပ်ငန်းလီမိတက် မှ တာဝန်ယူမည်မဟုတ်ပါ။
- ဆုငွေနှင့်ပတ်သက်သော မည်သည့်အခွန်အခမဆို ကံစမ်းမဲပေါက်သူမှာသာ တာဝန်ရှိပါသည်။
- ရသာချိုစက်မှုလုပ်ငန်းလီမိတက်၏ စျေးကွက်မြှင့်တင်ရေးအစီအစဉ် ၊ Application နှင့်ပါတ်သက်သည့် ဝန်ဆောင်မှုများ၊Applicationနှင့်ပါတ်သက်သောစည်းမျဉ်းစည်းကမ်းများအားအချိန်နှင့်တပြေးညီ အသိပေးအကြောင်းကြားရန်ရှိပါက သင်ပေးထားသော ကိုယ်ရေးအချက်အလက်တို့ကို အသုံးပြု၍ ဆက်သွယ် ခြင်းများအပေါ် သဘောတူပြီးဖြစ်ပါသည်။
၆။ ကံစမ်းမဲနှင့်ပါတ်သက်၍ စုံစမ်းမေးမြန်းခြင်း
သိရှိလိုသည်များကို hotline number 09 8635247 သို့ နေ့စဉ် တနင်္လာနေ့ မှ စနေနေ့အထိ (အစိုးရ ရုံးပိတ်ရက် များမှလွဲ၍) ရုံးချိန်အတွင်း {မနက်(၉)နာရီ မှ ညနေ(၅)နာရီထိ} ဖုန်းခေါ်ဆို၍ မေးမြန်းနိုင်ပါသည်။