ကော်ပိုရိတ် လူမှုတာဝန်ခံမှု

ကျွန်ုပ်တို့ လုပ်ငန်းဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းအား ချစ်မြတ်နိုးသကဲ့သို့  ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ လူနေမှုဘဝများ တိုးတက်လာရန်နှင့် ကျွန်ုပ်တို့အနာဂတ်အား ဆက်လက်ထိန်းသိမ်းသွားနိုင်ရန် ကျွန်ုပ်တို့၏ စွမ်းဆောင်နိုင်စွမ်းကိုလည်း သိမှတ်မိပါသည်။

အကြပ်အတည်းတွင် ကူညီစောင်မမှု

ကပ်ဘေးဒုက္ခဆိုက်ရောက်သောအခါ အစားအသောက်၊ ရေနှင့် ဆေးဝါးတို့သည် ချက်ချင်းလိုအပ်သည် မူလအရင်းအမြစ်များဖြစ်ကြသည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်များသည် ချက်ပြုတ်ပြီးသား အသင့်စား ထုတ်ကုန်ဖြစ်သည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အစားအသောက်အတွက် လိုအပ်မှုကို ချက်ချင်းဖြည့်ဆည်းပေးနိုင်ပါသည်။ ထို့အတွက်ကြောင့် မည်သည့်သဘာဝဘေးအန္တရာယ်မဆို ကျွန်ုပ်တို့သည် ဦးစွာရောက်ရှိသလို မြန်မာနိုင်ငံရှိ ထိုကဲ့သို့ လိုအပ်နေသူများကို ကူညီရမည်မှာလည်း ကျွန်ုပ်တို့၏ နိုင်ငံသားတာဝန်ဖြစ်ကြောင်း ယူဆမိပါသည်။

စာနာမှုဖြင့် ဖေးမကူညီ

Yum Yum Myanmar မှ ရေဘေးသင့်ပြည်သူများဆီသို့ လက်ကမ်းကာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းထားတဲ့ လှူဒါန်းမှုပုံရိပ်လေးတွေကို Yum Yum ချစ်သူများ ထပ်တူကုသိုလ်ရစေရန် မျှဝေပေးလိုက်ပါတယ်ရှင့်🙏🏻

ဧရာဝတီတိုင်းဒေသရှိ ရေဘေးသင့်ပြည်သူများအတွက် ခေါက်ဆွဲထုပ်များ မျှဝေခြင်း

ဧရာဝတီတိုင်းဒေသရှိ ရေဘေးသင့်ဒေသအချို့ပြည်သူများအတွက် ခေါက်ဆွဲထုပ်များတွေ မျှဝေကူညီခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီးနှင့်လှည်းကူးမြို့နယ် ရှိရေဘေးသင့်ဒေသများသို့ သွားရောက်လှူဒါန်းခြင်း

ပဲခူးတိုင်းဒေသကြီး နှင့် ‌လှည်းကူးမြို့နယ်ရှိ ရေဘေးသင့်ခံစားနေရသော နေရာများသို့ ယံယံခေါက်ဆွဲခြောက် ( ၉,၇၂၀ ) ထုပ်အား သွားရောက်လှူဒါန်းခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ် ရေဘေး‌သင့်ပြည်သူများအတွက် ခေါက်ဆွဲခြောက်များလှူဒါန်းခြင်း

ရသာချိုစက်မှုလုပ်ငန်းလီမိတက်မှ YumYum ခေါက်ဆွဲခြောက် ၃၆၀၀ ကို မန္တလေးတိုင်း၊ အမရပူရမြို့နယ် ရေဘေး‌သင့်ပြည်သူများအတွက် လှူဒါန်းခဲ့ပါသည်။ (၂၁.၇.၂၀၂၀)

မွန်ပြည်နယ် ရေဘေးအတွက် လှူဒါန်းခြင်း

ရသာချိုစက်မှုလုပ်ငန်းမှ မွန်ပြည်နယ် ရေကြီးရေလျှံမှုဘေးအတွက် YumYum အသင့်စားခေါက်ဆွဲ 100,000 လှူဒါန်းခဲ့ပါသည်။

မွန်ပြည်နယ်ရေဘေးအတွက် လှူဒါန်းခြင်း

ရသာချိုစက်မှုလုပ်ငန်းမှ မွန်ပြည်နယ် ရေကြီးရေလျှံမှုဘေးအတွက် YumYum အသင့်စားခေါက်ဆွဲ 100,000 လှူဒါန်းခဲ့ပါသည်။

မွန်ပြည်နယ် ရေးမြို့နယ် ညောင်ကန်ကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းခြင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ ရေဘေးသင့်ပြည်သူများအတွက် ယံယံမိသားစုမှ ခေါက်ဆွဲခြောက်အထုပ်ရေ (၇,၂၀၀) ကို ၂၄.၀၆.၁၈ တွင် လှူဒါန်းခဲ့ပါသည်။

ရွှေပြည်သာမြို့နယ် လေဘေးသင့်ပြည်သူများအတွက် လှူဒါန်းခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ် လေဘေးသင့်ပြည်သူများအား ရသာချိုစက်မှုလုပ်ငန်းလီမိတက်မှ ယံယံခေါက်ဆွဲထုပ်အရေအတွက် (၈,၁၀၀) ထုပ် ကို ၀၁.၀၆.၂၀၁၈ တွင်လှူဒါန်းခဲ့ပါသည်။

ရေစစ်များ

ယနေ့အထိ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့် ဝေးကွာသောရွာများအား ရေစစ် ၄ဝဝကျော် ဖြန့်ဝေပေးပြီးဖြစ်သည်။

ရေစစ်များ

အထူးသဖြင့် မုန်သုန်ရာသီတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရန် ခက်ခဲနေသော လူမှုအသိုင်းအဝိုင်းများကို ရေစစ်ထုတ် သန့်စင်စက်များ ဖြန့်ဝေခဲ့ပါတယ်။

သဘာဝဘေးအန္တရာယ် ခံစားနေရသူများ

၂၀၁၆ ဩဂုတ်လတွင် နာဂကိုယ်ပိုင်အုပ်ချုပ်မှုဒေသတွင် ရာသီဥတုဆိုးရွားမှုကိုခံစားခဲ့ရသော လူ့အဖွဲ့အစည်းအား အစားအသောက်များ လှူဒါန်းခဲ့ပါသည်။ အများစုမှာ ကူးစက်ရောဂါကို ခံစားကြရသူများဖြစ်သည်။

ရေစစ်များ

မြန်မာနိုင်ငံတွင် အကျပ်တည်း ကယ်ဆယ် အားထုတ်မှု တစ်စိတ်တစ်ပိုင်း အနေနဲ့ စောယာ ပွိုင့်ဝမ်း တံဆိပ် ရေစစ်ထုတ် သန့်စင်စက်များကို ဖြန့်ဝေခဲ့သည်။

ရေစစ်များ

လျှင်မြန် လွယ်ကူစွာ ရေသန့် ထုတ်လုပ်နိုင်ရန်အတွက် ဒီ ဖိုင်ဘာ အမှေးပါ ခေါင်းပွ ရေစစ်ထုတ် သန့်စင်စက်များကို ကျောက်ကပ် သန့်စင်လုပ်ငန်းတွင် အသုံးပြုသည့် ဆေးဘက်ဆိုင်ရာ နည်းပညာကို ချဲ့ထွင် အသုံးပြုထားခြင်း ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတိရှိမှု

ကမ္ဘာကြီးပူနွေးလာမှုသည် အမှန်တကယ်ဖြစ်ပျက်နေမှန်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။ စီးပွားရေးလုပ်ဆောင်နေသူများ အနေဖြင့် အရင်းအမြစ်များရရှိသလို မိမိတို့၏ လုပ်ဆောင်မှုများသည် ပတ်ဝန်းကျင်ပေါ်တွင် သက်ရောက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရန်လည်း တာဝန်ရှိပါသည်။

၂၀၁၉ခုနှစ် ပဥ္စမအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ

၂၀၁၉ခုနှစ် သစ်တောဦးစီးဌာနနှင့် ရသာချိုစက်မှုလုပ်ငန်းလီမိတက်တို့၏ ပဥ္စမအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ

အနံ့အသက်ကင်းစင်သော စီမံခန့်ခွဲမှု

ရနံ့ထုတ်စက်ရုံမှ ထုတ်လွှတ်သော အနံ့များကို ကျွန်ုပ်တို့၏ အနံ့အသက်ကင်းစင်စေသော စီမံခန့်ခွဲမှုစနစ်မှ ဖယ်ရှားပေးပါသည်။

ဟက်ဗွိုင်လာ

ကာဗွန်ထုတ်လုပ်မှုကို လျော့ချနိုင်ရန်နှင့် ရုပ်ကြွင်းလောင်စာများအသုံးပြုလောင်ကျွမ်းခြင်းကို အစားထိုးရန် ဟက်ဗွိုင်လာများ တပ်ဆင်ခဲ့ပါသည်။

ရေဆိုးစွန့်ထုတ်မှုစနစ်

ထုတ်လုပ်မှုဖြစ်စဉ်မှ ထွက်ရှိလာသော ရေဆိုးများအား ကျွန်ုပ်တို့၏ ရေဆိုးသန့်စင်မှုစနစ်ကို ဖြတ်သန်းပြီးမှသာ စွန့်ထုတ်ပါသည်။

ရေဆိုးစွန့်ထုတ်မှုစနစ်

ထုတ်လုပ်မှုဖြစ်စဉ်မှ ထွက်ရှိလာသော ရေဆိုးများအား ကျွန်ုပ်တို့၏ ရေဆိုးသန့်စင်မှုစနစ်ကို ဖြတ်သန်းပြီးမှသာ စွန့်ထုတ်ပါသည်။

လူမှုတာဝန်ခံမှု

ကျွန်ုပ်တို့၏ ၀န်ထမ်းများသည် ကျွန်ုပ်တို့၏ အကောင်းဆုံးသော ပိုင်ဆိုင်မှုများဖြစ်ကြောင်း ယုံကြည်ပါသည်။

Donated Yum Yum Instant Noodles to Ministry of Health and Sports(October 2020)

Donated Yum Yum Instant Noodles to Ministry of Health and Sports

Donated Yum Yum Instant Noodles to Ministry of Health and Sports (October 2020)

Strengthening COVID-19 Response in Communities

We are community partner. As we all know, there's a pandemic virus out there that has struck the world. Let us help one another. We are providing 5,000 face shields with messaging and health information to keep our value customers and communities safe and healthy during COVID-19 crisis.