ကော်ပိုရိတ် လူမှုတာဝန်ခံမှု
ကျွန်ုပ်တို့ လုပ်ငန်းဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းအား ချစ်မြတ်နိုးသကဲ့သို့ ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ လူနေမှုဘဝများ တိုးတက်လာရန်နှင့် ကျွန်ုပ်တို့အနာဂတ်အား ဆက်လက်ထိန်းသိမ်းသွားနိုင်ရန် ကျွန်ုပ်တို့၏ စွမ်းဆောင်နိုင်စွမ်းကိုလည်း သိမှတ်မိပါသည်။
အကြပ်အတည်းတွင် ကူညီစောင်မမှု
ကပ်ဘေးဒုက္ခဆိုက်ရောက်သောအခါ အစားအသောက်၊ ရေနှင့် ဆေးဝါးတို့သည် ချက်ချင်းလိုအပ်သည် မူလအရင်းအမြစ်များဖြစ်ကြသည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်များသည် ချက်ပြုတ်ပြီးသား အသင့်စား ထုတ်ကုန်ဖြစ်သည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အစားအသောက်အတွက် လိုအပ်မှုကို ချက်ချင်းဖြည့်ဆည်းပေးနိုင်ပါသည်။ ထို့အတွက်ကြောင့် မည်သည့်သဘာဝဘေးအန္တရာယ်မဆို ကျွန်ုပ်တို့သည် ဦးစွာရောက်ရှိသလို မြန်မာနိုင်ငံရှိ ထိုကဲ့သို့ လိုအပ်နေသူများကို ကူညီရမည်မှာလည်း ကျွန်ုပ်တို့၏ နိုင်ငံသားတာဝန်ဖြစ်ကြောင်း ယူဆမိပါသည်။
Yum Yum Myanmar မှ စစ်ကိုင်းတိုင်းဒေသကြီးရှိ ငလျင်ဘေးသင့်ဒေသများသို့ အားဖြည့်လှူဒါန်းခြင်း
အားတင်းထားပါ စစ်ကိုင်းရေ... 💪 အတူတကွ ဖြတ်ကျော်ကြမယ်
ဖေးမတွဲကူ ဒို့အတူတူ (စစ်ကိုင်း)
Yum Yum Myanmar ဝန်ထမ်းများမှ လိုအပ်သည့်အာဟာရအတွက် ခေါက်ဆွဲ နှင့် ရေသန့်များကို လိုအပ်လျက်ရှိတဲ့နေရာတွေမှာ လှူဒါန်းပေးနေပြီပဲဖြစ်ပါတယ်.. ဒီတော့ ဘယ်လိုအခြေအနေတွေပဲလာလာ Yum Yum Myanmar မှ ငလျင်ဘေးသင့်ပြည်သူတွေနဲ့အတူတူရှိနေမှာမို့ အားတင်းပေးထားပါနော်…💪
Yum Yum မှ အသင့်စား ခေါက်ဆွဲများနှင့် အခြားလိုအပ်သော ပစ္စည်းများကို လှူဒါန်းခြင်း
စစ်ကိုင်းအတွက် မြေပြင်လိုအပ်ချက်အရ လှူဒါန်းရန် Yum Yum အသင့်စား ခေါက်ဆွဲများနှင့် အခြားလိုအပ်သော အထောက်အပံ့ ပစ္စည်းများကို ပို့ဆောင်ပေးသွားမယ်.. ဤအလှူဒါန ကို သာဓု အနုမောဒနာ ခေါ်ဆိုဖို့လည်း မျှဝေပေးလိုက်ပါတယ်။
Yum Yum Myanmar မှ ပရဟိတသူရဲကောင်းများအတွက် လှူဒါန်းမှုများဆောင်ရွက်ခြင်း
ငလျင်ဘေးသင့် ပြည်သူများကို နေ့မနားညမနား သက်စွန့်စံဖျား ကြိုးပမ်း ကယ်ဆယ်ပေးနေကြတဲ့ ပရဟိတသူရဲကောင်းများအတွက် Yum Yum Myanmar ကားကြီးများ အရောက်လာနေပါပြီ။
ကူညီကယ်ဆယ်ပေးနေသော စေတနာ့ဝန်ထမ်းများအတွက် ထမင်းထုပ်၊ ရေသန့် (၁၀,၀၀၀) ကျော် နှင့် အအေးများ လှူဒါန်းခြင်း
ဧပြီလရဲ့လအစ ဒုတိယရက်လေး မှာ ထမင်းထုပ်များအပြင် ရေသန့်ဘူးပေါင်း (၁၀,၀၀၀) ကျော်နှင့် အအေးများကိုလည်း လိုအပ်လျက်ရှိတဲ့ နေရာများမှာ လှူဒါန်းဖို့ စတင်စီစဉ်နေပါပြီ … မနက်ဖြန်ဆို နွေနေပူကို အန်တုရင်း ကူညီကယ်ဆယ်ပေးနေတဲ့ စေတနာ့ဝန်ထမ်းများ အားဖြည့်ဖို့ရာအတွက် အရောက်ပေးအပ်ပါတော့မယ်
ဖေးမတွဲကူ ဒို့အတူတူ
ယနေ့ ဧပြီလ ရဲ့ ပထမရက် (၁.၄.၂၀၂၅) တွင် မန္တလေးရှိ ငလျင်ဘေးဒဏ်သင့်သော နေရာများ တွင် ကူညီကယ်ဆယ်ပေးနေသော စေတနာ့ဝန်ထမ်းများ နှင့် ပြည်သူများကိုထမင်းဘူး (၆၀၀၀) ကျော် ထပ်မံ၍ ထောက်ပံ့ကူညီလှူဒါန်းခဲ့ပါတယ်။
Yum Yum Myanmar မှ မန္တလေးတိုင်းဒေသကြီးရှိ စေတနာ့ဝန်ထမ်းများ ထမင်းဗူး (၃၀၀၀) လှူဒါန်းမှု ဆောင်ရွက်
(၁.၄.၂၀၂၅) မနက်ပိုင်း၊ မန္ထလေးတိုင်းဒေသကြီး တွင် ငလျင်ဘေးဒဏ် သင့်သော ပြည်သူများ ကို ကူညီကယ်ဆယ် ပေးသော စေတနာ့ဝန်ထမ်း၊ မီးသတ်တပ်ဖွဲ့ဝင်များအား ထမင်းဗူး (၃၀၀၀) ကို Yum Yum Myanmar မှ လှူဒါန်းပေးခဲ့ပါတယ်။
Yum Yum Myanmar မှ စေတနာ့ဝန်ထမ်းများ အတွက် ထမင်းဗူး (၄၀၀၀) ကျော် နှင့် မန္တလေးဆေးရုံကြီးတွင် ဆရာဝန်၊ သူနာပြုများ (၅၀၀) အတွက် ညစာ လှူဒါန်းမှု ဆောင်ရွက်
(၃၁.၃.၂၀၂၅) ညနေပိုင်းတွင် ငလျင်ဘေးဒဏ် သင့်သော ပြည်သူများ၊ ကူညီကယ်ဆယ် ပေးသော စေတနာ့ဝန်ထမ်း များအတွက် ထမင်းဗူး (၄၀၀၀) ကျော် ၊ မန္ထလေးဆေးရုံကြီး တွင် ကုသပေးနေကျသော ဆရာဝန်များ သူနာပြုများ နှင့် ဝန်ထမ်း ဦးရေ (၅၀၀) အတွက် ညစာ ကြာဇံကြော်များ ထပ်မံလှူဒါန်းခဲ့ပါသည်။
Yum Yum Myanmar မှ မန္တလေးပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်များ၊ သူနာပြုများ နှင့် ဝန်ထမ်း (၅၀၀) အတွက် နေ့လည်စာ မျှဝေလှူဒါန်းခြင်း
(၃၁.၃.၂၀၂၅) ရက်နေ့မှာ Yum Yum Myanmar မိသားစုမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဆေးကုသမှု ပေးနေကြသော ဆရာ၀န်များ၊ သူနာပြုများ နှင့် ဆေးရုံ၀န်ထမ်း (၅၀၀) အတွက် နေ့လည်စာ ကို မျှဝေလှူဒါန်းခဲ့ပါသည်။
Yum Yum Myanmar မှ မန္တလေးတိုင်းရှိ ငလျင်ဘေးသင့်ဒေသများသို့ ထမင်းဘူး (၄၀၀၀) ကျော် မျှဝေလှူဒါန်းခြင်း
ငလျင်ဘေးသင့် မန္တလေးတိုင်းအတွင်းရှိနေရာများသို့ Yum Yum Myanmar မှ ယနေ့ (၃၁.၃.၂၀၂၅) ရက်နေ့မှာ မနက်စာ နှင့် နေ့လည်စာ ထမင်းဘူး (၄၀၀၀) ကျော် မျှဝေလှူဒါန်းပေးခဲ့ပါသည်။
မန္တလေးနှင့်နေပြည်တော်ရှိ စေတနာ့ဝန်ထမ်း ၁၀၀၀၀ အတွက် အစားအသောက်များ ကူညီထောက်ပံ့ပေးခြင်း။
(၃၀.၃.၂၀၂၅) မန္တလေးမြို့ နှင့် နေပြည်တော်မြို့များရှိ အသက်ကို ပဓာန မထားပဲ စေတနာ ရှေ့တန်းတင် ကာ ကူညီကယ်ဆယ်နေကြသော စေတနာ့ဝန်ထမ်းများ နှင့် ငလျင်ဘေးဒဏ်ကြောင့် အကူအညီ လိုအပ်နေသည့် ငလျင်ဘေးဒဏ်သင့်ပြည်သူ စုစုပေါင်း (၁၀၀၀၀ ) အား နေ့လည်စာနှင့် ညစာများကို မျှဝေလှူဒါန်းနိုင်ခဲ့ပါသည်။
စာနာမှုဖြင့် ဖေးမကူညီ
Yum Yum Myanmar မှ ရေဘေးသင့်ပြည်သူများဆီသို့ လက်ကမ်းကာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းထားတဲ့ လှူဒါန်းမှုပုံရိပ်လေးတွေကို Yum Yum ချစ်သူများ ထပ်တူကုသိုလ်ရစေရန် မျှဝေပေးလိုက်ပါတယ်ရှင့်🙏🏻
ဧရာဝတီတိုင်းဒေသရှိ ရေဘေးသင့်ပြည်သူများအတွက် ခေါက်ဆွဲထုပ်များ မျှဝေခြင်း
ဧရာဝတီတိုင်းဒေသရှိ ရေဘေးသင့်ဒေသအချို့ပြည်သူများအတွက် ခေါက်ဆွဲထုပ်များတွေ မျှဝေကူညီခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီးနှင့်လှည်းကူးမြို့နယ် ရှိရေဘေးသင့်ဒေသများသို့ သွားရောက်လှူဒါန်းခြင်း
ပဲခူးတိုင်းဒေသကြီး နှင့် လှည်းကူးမြို့နယ်ရှိ ရေဘေးသင့်ခံစားနေရသော နေရာများသို့ ယံယံခေါက်ဆွဲခြောက် ( ၉,၇၂၀ ) ထုပ်အား သွားရောက်လှူဒါန်းခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ခေါက်ဆွဲခြောက်များလှူဒါန်းခြင်း
ရသာချိုစက်မှုလုပ်ငန်းလီမိတက်မှ YumYum ခေါက်ဆွဲခြောက် ၃၆၀၀ ကို မန္တလေးတိုင်း၊ အမရပူရမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းခဲ့ပါသည်။ (၂၁.၇.၂၀၂၀)
မွန်ပြည်နယ် ရေဘေးအတွက် လှူဒါန်းခြင်း
ရသာချိုစက်မှုလုပ်ငန်းမှ မွန်ပြည်နယ် ရေကြီးရေလျှံမှုဘေးအတွက် YumYum အသင့်စားခေါက်ဆွဲ 100,000 လှူဒါန်းခဲ့ပါသည်။
မွန်ပြည်နယ်ရေဘေးအတွက် လှူဒါန်းခြင်း
ရသာချိုစက်မှုလုပ်ငန်းမှ မွန်ပြည်နယ် ရေကြီးရေလျှံမှုဘေးအတွက် YumYum အသင့်စားခေါက်ဆွဲ 100,000 လှူဒါန်းခဲ့ပါသည်။
မွန်ပြည်နယ် ရေးမြို့နယ် ညောင်ကန်ကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းခြင်း
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ ရေဘေးသင့်ပြည်သူများအတွက် ယံယံမိသားစုမှ ခေါက်ဆွဲခြောက်အထုပ်ရေ (၇,၂၀၀) ကို ၂၄.၀၆.၁၈ တွင် လှူဒါန်းခဲ့ပါသည်။
ရွှေပြည်သာမြို့နယ် လေဘေးသင့်ပြည်သူများအတွက် လှူဒါန်းခြင်း
ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ် လေဘေးသင့်ပြည်သူများအား ရသာချိုစက်မှုလုပ်ငန်းလီမိတက်မှ ယံယံခေါက်ဆွဲထုပ်အရေအတွက် (၈,၁၀၀) ထုပ် ကို ၀၁.၀၆.၂၀၁၈ တွင်လှူဒါန်းခဲ့ပါသည်။
ရေစစ်များ
ယနေ့အထိ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့် ဝေးကွာသောရွာများအား ရေစစ် ၄ဝဝကျော် ဖြန့်ဝေပေးပြီးဖြစ်သည်။
ရေစစ်များ
အထူးသဖြင့် မုန်သုန်ရာသီတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရန် ခက်ခဲနေသော လူမှုအသိုင်းအဝိုင်းများကို ရေစစ်ထုတ် သန့်စင်စက်များ ဖြန့်ဝေခဲ့ပါတယ်။
သဘာဝဘေးအန္တရာယ် ခံစားနေရသူများ
၂၀၁၆ ဩဂုတ်လတွင် နာဂကိုယ်ပိုင်အုပ်ချုပ်မှုဒေသတွင် ရာသီဥတုဆိုးရွားမှုကိုခံစားခဲ့ရသော လူ့အဖွဲ့အစည်းအား အစားအသောက်များ လှူဒါန်းခဲ့ပါသည်။ အများစုမှာ ကူးစက်ရောဂါကို ခံစားကြရသူများဖြစ်သည်။
ရေစစ်များ
မြန်မာနိုင်ငံတွင် အကျပ်တည်း ကယ်ဆယ် အားထုတ်မှု တစ်စိတ်တစ်ပိုင်း အနေနဲ့ စောယာ ပွိုင့်ဝမ်း တံဆိပ် ရေစစ်ထုတ် သန့်စင်စက်များကို ဖြန့်ဝေခဲ့သည်။
ရေစစ်များ
လျှင်မြန် လွယ်ကူစွာ ရေသန့် ထုတ်လုပ်နိုင်ရန်အတွက် ဒီ ဖိုင်ဘာ အမှေးပါ ခေါင်းပွ ရေစစ်ထုတ် သန့်စင်စက်များကို ကျောက်ကပ် သန့်စင်လုပ်ငန်းတွင် အသုံးပြုသည့် ဆေးဘက်ဆိုင်ရာ နည်းပညာကို ချဲ့ထွင် အသုံးပြုထားခြင်း ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတိရှိမှု
ကမ္ဘာကြီးပူနွေးလာမှုသည် အမှန်တကယ်ဖြစ်ပျက်နေမှန်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။ စီးပွားရေးလုပ်ဆောင်နေသူများ အနေဖြင့် အရင်းအမြစ်များရရှိသလို မိမိတို့၏ လုပ်ဆောင်မှုများသည် ပတ်ဝန်းကျင်ပေါ်တွင် သက်ရောက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရန်လည်း တာဝန်ရှိပါသည်။
၂၀၁၉ခုနှစ် ပဥ္စမအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ
၂၀၁၉ခုနှစ် သစ်တောဦးစီးဌာနနှင့် ရသာချိုစက်မှုလုပ်ငန်းလီမိတက်တို့၏ ပဥ္စမအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ
အနံ့အသက်ကင်းစင်သော စီမံခန့်ခွဲမှု
ရနံ့ထုတ်စက်ရုံမှ ထုတ်လွှတ်သော အနံ့များကို ကျွန်ုပ်တို့၏ အနံ့အသက်ကင်းစင်စေသော စီမံခန့်ခွဲမှုစနစ်မှ ဖယ်ရှားပေးပါသည်။
ဟက်ဗွိုင်လာ
ကာဗွန်ထုတ်လုပ်မှုကို လျော့ချနိုင်ရန်နှင့် ရုပ်ကြွင်းလောင်စာများအသုံးပြုလောင်ကျွမ်းခြင်းကို အစားထိုးရန် ဟက်ဗွိုင်လာများ တပ်ဆင်ခဲ့ပါသည်။
ရေဆိုးစွန့်ထုတ်မှုစနစ်
ထုတ်လုပ်မှုဖြစ်စဉ်မှ ထွက်ရှိလာသော ရေဆိုးများအား ကျွန်ုပ်တို့၏ ရေဆိုးသန့်စင်မှုစနစ်ကို ဖြတ်သန်းပြီးမှသာ စွန့်ထုတ်ပါသည်။
ရေဆိုးစွန့်ထုတ်မှုစနစ်
ထုတ်လုပ်မှုဖြစ်စဉ်မှ ထွက်ရှိလာသော ရေဆိုးများအား ကျွန်ုပ်တို့၏ ရေဆိုးသန့်စင်မှုစနစ်ကို ဖြတ်သန်းပြီးမှသာ စွန့်ထုတ်ပါသည်။
လူမှုတာဝန်ခံမှု
ကျွန်ုပ်တို့၏ ၀န်ထမ်းများသည် ကျွန်ုပ်တို့၏ အကောင်းဆုံးသော ပိုင်ဆိုင်မှုများဖြစ်ကြောင်း ယုံကြည်ပါသည်။
Donated Yum Yum Instant Noodles to Ministry of Health and Sports(October 2020)
Donated Yum Yum Instant Noodles to Ministry of Health and Sports
Donated Yum Yum Instant Noodles to Ministry of Health and Sports (October 2020)
Strengthening COVID-19 Response in Communities
We are community partner. As we all know, there's a pandemic virus out there that has struck the world. Let us help one another. We are providing 5,000 face shields with messaging and health information to keep our value customers and communities safe and healthy during COVID-19 crisis.