အရေးပါသည့် မှတ်တိုင်များ

၂၀၂၄

၂၀၂၄
၂၀၂၄ ခုနှစ်တွင် စွဲမက်ဖွယ်ရာ အရသာအသစ် Spicy Chicken ကြက်စပ်အရသာနှင့် Ultra အရသာသစ် (၂)မျိုးကို စတင်ထုတ်လုပ် ဖြန့်ချိခဲ့ပါသည်။

၂၀၂၃

၂၀၂၃

၂၀၂၃ ခုနှစ် မေလတွင် ပြောင်းလဲလာသောဈေးကွက်လိုအပ်ချက်များကို ဖြည့်တင်းရန်အတွက် လူငယ်၊လူရွယ်များအကြိုက် ULTRA အမည်ရှိ အသင့်စားခေါက်ဆွဲ အမျိုးအစားသစ်အား ထုတ်လုပ်ဖြန့်ချိရောင်းချနိုင်ခဲ့ပါသည်။

၂၀၂၃

၂၀၂၃
၂၀၂၃တွင် ဘေးအန္တရာယ်ကင်းရှင်း၍ သန့်ရှင်းသောထုတ်ကုန်များကိုသာ စဉ်ဆက်မပြတ်ထုတ်လုပ်ခြင်းအားဖြင့် နိုင်ငံတကာအသိအမှတ်ပြု GHP(Good Hygiene Practices) လက်မှတ်ကို ရယူနိုင်ခဲ့ပါသည်။

၂၀၁၈

၂၀၁၈
၂၀၁၈တွင် တိုးတက်လာသော စားသုံးသူများ၏ ဝယ်လိုအားကို ဖြည့်တင်းရန်အတွက် ပဉ္စမမြောက်စက်လိုင်းကို တိုးချဲ့တပ်ဆင်၍ ထုတ်လုပ်ဖြန့်ချိခဲ့ပါသည်။

၂၀၁၈

၂၀၁၈

၂၀၁၈တွင် မိမိတို့၏လုပ်ငန်းစဉ် အရည်အသွေးကို စဉ်ဆက်မပြတ်တိုးတက်ကောင်းမွန်စေခြင်းအားဖြင့် ISO 9001:2015 နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ကို ရယူနိုင်ခဲ့ပါသည်။

၂၀၁၆

၂၀၁၆
၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်စေရန်အတွက် စက်လိုင်းအားလုံးကို ရန်ကုန်စက်မှုဇုန်သို့ ပြောင်းရွှေ့တပ်ဆင်ပီး အင်အားပြည့်ထုတ်လုပ်ဖြန့်ချိခဲ့ပါသည်။

၂၀၁၄

၂၀၁၄
၂၀၁၄ ဧပြီလတွင် နောက်ဆုံးပေါ် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသုံး စတုတ္ထမြောက်စက်လိုင်းကို တိုးချဲ့တပ်ဆင်၍ ထုတ်လုပ်ဖြန့်ချိခဲ့ပါသည်။

၂၀၁၃

၂၀၁၃
၂၀၁၃ ခုနှစ် ဇန်နဝါရီလ တွင် ထုတ်ကုန်၏ အရည်အသွေးနှင့်အရသာကို ထူးခြားဆန်းသစ်သော Xcite အမည်ရှိ အသင့်စားခေါက်ဆွဲ အမျိုးအစားသစ်အား အောင်မြင်စွာ ထုတ်လုပ်ဖြန့်ချိရောင်းချနိုင်ခဲ့ပါသည်။

၂၀၁၂

၂၀၁၂
၂၀၁၂ ခုနှစ်တွင် လုပ်ငန်းခွင်လုံခြုံရေးနှင့် သန့်ရှင်းမှုအဆင့်အတန်း မြင့်မားခြင်းတို့ကြောင့်  ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်လက်မှတ် GMP လက်မှတ်ရရှိခဲ့ပါသည်။

၂၀၁၁

၂၀၁၁
၂၀၁၁ ခုနှစ် ဇွန်လ တွင် ကုမ္ပဏီ၏ အရည်အသွေးမြှင့်တင်ရေး အစီအစဉ်အရ အဏုဇီဝဓာတ်ခွဲခန်းကို တည်ထောင်ခဲ့ပါသည်။

၂၀၀၉

၂၀၀၉
၂၀၀၉ ခုနှစ်တွင် ကုန်ထုတ်လုပ်ဖြန့်ချိမှုကို ပြည်တွင်းသာမက ပြည်ပဈေးကွက်သို့ပါ ထိုးဖောက်နိုင်ရန်ရည်သန်လျက် ISO 9001:2008 စနစ်အတွက် အသိအမှတ်ပြုလက်မှတ်ရယူခဲ့ပါသည်။

၂၀၀၉

၂၀၀၉
၂၀၀၉ ခုနှစ်တွင် အရည်အသွေးမြင့်မားပြီးဆန်းသစ်သော အသင့်စား Snack Noodle ထုတ်လုပ်သည့်စက်ကို တည်ထောင်ခဲ့ပါသည်။

၂၀၀၈

၂၀၀၈
၂၀၀၈ ခုနှစ် ဧပြီလတွင် ရန်ကုန်စက်မှုဇုံ၌ ခေတ်မှီနည်းစနစ်ဖြင့် အရသာ(အဆီနှင့်အမှုန့်) ထုတ်လုပ်သည့် စက်ရုံသစ်ကို တည်ထောင်ခဲ့ပါသည်။

၂၀၀၇

၂၀၀၇
၂၀၀၇ ခုနှစ်တွင် စဉ်ဆက်မပြတ် ပြင်းပြင်းထန်ထန်ကြိုးစားခဲ့သဖြင့် ကုမ္ပဏီ၏ ပထမဆုံး ပြည်ပတင်ပို့ရောင်းချမှုအဖြစ် စင်္ကာပူနိုင်ငံသို့ တင်ပို့ရောင်းချခဲ့ပါသည်။

၂၀ဝ၆

၂၀ဝ၆
၂၀၀၆ခုနှစ် ဇူလိုင်လ တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးတာဝန်သိမှုအရ ဖွဲလောင်စာသုံးဘွိုင်လာကို တည်ဆောက်ခဲ့ပါသည်။

၂၀၀၅

၂၀၀၅
၂၀၀၅ခုနှစ် မတ်လ တွင် ဈေးကွက်တောင်းဆိုမှုအရ တတိယမြောက် ကုန်ထုတ်စက်လိုင်းသစ်အား ထပ်မံတိုးချဲ့တပ်ဆင်ခဲ့ပါသည်။

၂၀၀၄

၂၀၀၄
၂၀၀၄ ခုနှစ်တွင် လူမျိုးဘာသာမရွေး စားသုံးသူအားလုံးအတွက် မြန်မာနိုင်ငံ အိုလမာ အစ္စလမ် သာသနာ့ပညာရှင်များအဖွဲ့ချုပ်မှ "ဟလာလ်" အသိအမှတ်ပြုလက်မှတ်ကို ရရှိခဲ့ပါသည်။

၂၀၀၄

၂၀၀၄
၂၀၀၄ ခုနှစ် ဒီဇင်ဘာလတွင် ကုန်ထုတ်လုပ်ဖြန့်ချိမှုကို ပြည်တွင်းသာမက ပြည်ပဈေးကွက်သို့ပါ ထိုးဖောက်နိုင်ရန် ရည်သန်လျှက် ISO 9001:2000 နှင့် HACCP စနစ်များအတွက် အသိအမှတ်ပြုလက်မှတ်များ ရယူခဲ့ပါသည်။

၂၀၀၁

၂၀၀၁
လူကြိုက်များပီး တိုးတက်လာသော ဈေးကွက်ဝယ်လိုအား လိုအပ်ချက်အရ  ၂၀ဝ၁ ခုနှစ် ဇွန်လတွင် ဒုတိယမြောက် ကုန်ပစ္စည်း ထုတ်လုပ်ခြင်း စနစ် အစီအစဉ်ကို ဖြည့်တင်းခဲ့ပါသည်။

၂၀၀၀

၂၀၀၀
အဆီထုပ်၊အမှုန့်ထုပ် ထုတ်လုပ်ခြင်းကို ၂၀၀၀ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပါသည်။

၁၉၉၇

၁၉၉၇
၁၉၉၇ ဧပြီ ၂ ရက်နေ့တွင် ရသာချိုစက်မှုလုပ်ငန်း လိမိတက်မှ ကြက်ပေါင်အရသာ အသင့်စားခေါက်ဆွဲကို ပထမဆုံးထုတ်ကုန်အဖြစ် ဈေးကွက်အတွင်းသို့ စတင်ထုတ်လုပ်ဖြန့်ချိခဲ့ပါသည်။

၁၉၉၆

၁၉၉၆
ရသာချိုစက်မှုလုပ်ငန်း လိမိတက်ကို ၁၉၉၆ တွင် စတင်တည်ထောင်ခဲ့ပါသည်။