3 ဒီဇင်ဘာ 2025
Yathar Cho ဝန်ထမ်းများအတွက် အရည်အသွေးမြှင့်တင်ရေး Six Sigma Training

Yathar Cho Industry Company အနေဖြင့် Management Team ၏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားလျက်ရှိပြီး၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ တွင် Lotte Hotel တွင် အရေးပါတဲ့ Training အစီအစဉ်တစ်ခုကို စီစဉ်ကျင်းပခဲ့ပါသည်။
Mr. Suriya Lertwattanpongchai မှ ပို့ချခဲ့သော Six Sigma Training ကို Management Level ဝန်ထမ်းများက တက်ရောက်ခဲ့ကြပြီး ဒီ Training မှတဆင့် လုပ်ငန်းခွင်အတွင်းရှိ အားနည်းချက်များကို လျှော့ချနိုင်ခြင်း၊စီးပွားရေးလုပ်ငန်းစဉ်များကို ပိုမိုထိရောက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခြင်းတို့အတွက် အဖိုးတန်သော အသိပညာနှင့် အတွေ့အကြုံများကို ရရှိခဲ့ကြပါသည်။
Yathar Cho Industry အနေဖြင့် အဖွဲ့အစည်းတစ်ရပ်အနေဖြင့် စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးနိုင်ရန် ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးကို ဆက်လက်အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါသည်။



