29 နိုဝင်ဘာ 2025
နွေးထွေးမှုနှင့် အာဟာရကို မျှဝေပေးသော Yathar Cho Industry ၏ ဒါနအလှူ

ဒီလိုအေးမြတဲ့ရာသီဥတုမှာ မိဘမဲ့ကလေးငယ်တွေကို နွေးထွေးမှုပေးနိုင်ဖို့အတွက် နိုဝင်ဘာလ (၂၈)၊ ၂၀၂၅ ရက်နေ့က နေပြည်တော်၊ လယ်ဝေးမြို့ မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေး ဥယျာဉ် (စမတောင်မိဘမဲ့ဂေဟာ) မှ ကလေးငယ် ၁,၁၅၀ ဦး အတွက် Yathar Cho Industry မှ ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ပါတယ်။
လှူဒါန်းခဲ့သော ပစ္စည်းများမှာ-
• စောင်အထည် ၁,၂၀၀ 🛌
• ခေါက်ဆွဲခြောက်ထုပ် ၁၂,၀၀၀ 🍜 ဖြစ်ပြီး
သာဝတ္ထိ၊ နေပြည်တော်၊ လယ်ဝေးမြို့ရှိ မိဘမဲ့ကလေးငယ်များအတွက် ရည်ရွယ်လှူဒါန်းခဲ့သော ဤမဟာကုသိုလ်အစုစုကို အတူတကွ သာဓုခေါ်ဆိုနိုင်ကြပါစေရန် မျှဝေလိုက်ပါတယ်။ 🙏


