Yathar Cho Industry Limited မိသားစု အနေဖြင့် နှစ်စဉ်ကျင်းပလေ့ရှိသည့် သီတင်းကျွတ် – တန်ဆောင်တိုင် ပွဲတော်ကာလ အတွင်း အဖွဲ့အစည်းအတွင်းရှိ လူကြီးမိဘများ၊ ဆရာသမားများအား ရိုသေလေးစားစွာဖြင့် ဂါရဝပြု ကန်တော့ပူဇော်ခဲ့ကြပါသည် 🙏

ဒီနှစ်တွင်လည်း အရင်နှစ်များနည်းတူ Yathar Cho Industry Limited ၏ ဝန်ထမ်းများအားလုံး သည် မိသားစုစိတ်ဓာတ်ကို အရင်းခံထားပြီး အဖွဲ့အစည်း၏ အုတ်မြစ်ဖြစ်သော လူကြီးမိဘ ဆရာသမားများအား အလေးအနက်ထား၍ ဦးညွှတ်ပူဇော်ကန်တော့ခဲ့ကြပါသည်။

ဤကဲ့သို့ ဂါရဝတရားကို အခြေခံသည့် ယဉ်ကျေးမှုကောင်းများကို ဆက်လက်ထိန်းသိမ်း၍ အဖွဲ့အစည်းအနေဖြင့်လည်း စည်းလုံးညီညွတ်စွာ တိုးတက်အောင်မြင်နိုင်ပါစေ 🙏