Yathar Cho Industry Ltd မိသားစု၏ ကထိန်အလှူတော်မင်္ဂလာကို ယခုတစ်ကြိမ် တတိယမြောက်အဖြစ် မိုင်းနောင်မြို့၊ မင်္ဂလာရန်အောင်ကျောင်းတိုက်၌ (၂၁.၁၀.၂၀၂၅) အင်္ဂါနေ့ တွင် အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။

MD မိသားစုနှင့် ဝန်ထမ်းများ စုပေါင်း၍ ကျပ်သိန်း (၁၃၀၀) ကျော် လှူဒါန်းမယ့်အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ဤအလှူတွင် ကျပ်သိန်း (၃၄၀) ကျော် ထပ်မံလှူဒါန်းခဲ့ပါတယ်။

ဆရာတော် ဘန္နန္တဒေါက်တာမဟောသဓာလင်္ကာရာဘိဝံသ အမှူးပြုသော သံဃာတော်များနှင့် သီလရှင် တို့ အား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ရိုသေစွာ ဆက်ကပ်ပူဇော်ခဲ့ပြီး အလှူပွဲလာ ဧည့်သည်များအားလုံးကိုလည်း အာဟာရဒါနဖြင့် စေတနာအပြည့် ကျွေးမွေးခဲ့ပါတယ်။

ဤမွန်မြတ်သော ကထိန်ကုသိုလ်အစုစုအတွက် သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေ…🙏