မန်နေဂျင်း ဒါရိုက်တာ မိသားစုနဲ့ ဝန်ထမ်းများ စုပေါင်းပြီး စုစုပေါင်း ကျပ်သိန်း (၁၃၀၀) ကျော် မတည်လှူဒါန်းတဲ့ မဟာဘုံကထိန်အလှူရဲ့ ဒုတိယ အကြိမ်မြောက် အလှူကို တောင်ကြီးမြို့၊ ဂန္ထဝိပဿနာ သာသနာလင်္ကာရ ကျောင်းတိုက်ကြီး မှာ ယနေ့ (၁၈.၁၀.၂၀၂၅) မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
ဆရာတော်ကြီးနှင့် သံဃာတော် (၁၉၁) ပါး အား ကထိန်လျာသင်္ကန်း၊ အရံသင်္ကန်းနှင့် ဝတ္ထုငွေ စုစုပေါင်း သိန်း (၅၀၀) ကျော် ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဧည့်ပရိသတ်အားလုံးကိုလည်း စေတနာအပြည့်နဲ့ ထမင်း၊ ဟင်းများ ကျွေးမွေးခဲ့ပါတယ်။
အားလုံးပဲ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေ