ဥက္ကဌ၏ အမှာစာ
ဥက္ကဌ၏ အမှာစာ
ကျွန်ုပ်တို့အောင်မြင်မှု၏ အုတ်မြစ်သည် အရည်အသွေးကို နံပါတ် (၁) ဦးစားပေးခြင်းဖြစ်သည်။
ရသာချိုစက်မှုကုမ္ပဏီမှ နွေးထွေးစွာကြိုဆိုပါ၏။
ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် ပထမဆုံးတည်ထောင်သည့် အသင့်စားခေါက်ဆွဲကုမ္ပဏီမဟုတ်သော်လည်း ထိုစျေးကွက်၏ ဦးဆောင်သူနေရာကို ရရှိထားပါသည်။ ကျွန်ုပ်တို့အောင်မြင်မှု၏ အုတ်မြစ်သည် အရည်အသွေးကို နံပါတ် (၁) ဦးစားပေးခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ကုမ္ပဏီကိုစတင်တည်ထောင်ခဲ့သည်မှာ သန့်ရှင်းလတ်ဆတ်ပြီး အရည်အသွေးမြင့်မားသည့် စားသောက်ကုန်များကို စျေးချိုချိုဖြင့် မြန်မာပြည်မှ စားသုံးသူများ လက်လှမ်းမီစေရန်ဆိုသည့်ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်ထိလည်း ထိုရည်ရွယ်ချက်ကို စွဲစွဲမြဲမြဲလက်ကိုင်ထားဆဲဖြစ်သည်။
ကျွန်ုပ်တို့အနေဖြင့် အရသာအသစ်များကို စဉ်ဆက်မပြတ်တီထွင် ဆန်းသစ်ခဲ့သည်။ ထုတ်လုပ်မှုအရည်အသွေး တိုးတက်ရေးအတွက် စီမံခန့်ခွဲမှု စနစ်အသစ်များ၊ နည်းပညာအသစ်များနှင့် လုပ်ထုံးလုပ်နည်းအသစ်များကိုလည်း အမြဲတစေကြိုးပမ်းအားထုတ်ခဲ့သည်။ ဤသို့စဉ်ဆက်မပြတ် ကြိုးပမ်းခဲ့ရာမှ အောင်မြင်မှုအသီးအပွင့်အဖြစ် ISO 9001:2015၊ HACCPနှင့် GHP Certificates for Quality Management Systems, Safety and Hygiene လက်မှတ်များ ချီးမြှင့်ခြင်းခံခဲ့ရပါသည်။
အကောင်းဆုံးအရည်အသွေးကိုရရှိရန် ကြိုးပမ်းမှုသည် မဆုံးနိုင်သော ခရီးရှည်ဖြစ်သည်။
ကျွန်ုပ်တို့ ကုမ္ပဏီ၏အစိတ်အပိုင်းတိုင်းကို အမြဲတိုးတက်နေစေရန်နှင့် စားသုံးသူတို့အတွက် အကောင်းဆုံးအရည်အသွေးကိုပေးစွမ်းနိုင်ရန် အစဉ် ကြိုးပမ်းလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ထုတ်ကုန်များကို မြန်မာနိုင်ငံတွင် သန်းနှင့်ချီသော စားသုံးသူများမှ ၀ယ်ယူအားပေးလျက်ရှိပြီး အနာဂတ်တွင် နိုင်ငံတစ်ကာမှ စားသုံးသူများအထိ ဖြန့်ချိပေးနိုင်ရန် ရည်ရွယ်ပါသည်။