ဒီနေ့မှာတော့ Yathar Cho Industry Ltd မန်နေဂျင်းဒါရိုက်တာ မိသားစု နှင့်တကွ ဝန်ထမ်းများရဲ့ သိန်း (၁၃၀၀) ကျော် မတည်ပြီး စုပေါင်းမဟာဘုံကထိန်အလှူ ကို ပထမဆုံး ကျောင်းတိုက်အဖြစ် ပြင်ဦးလွင်မြို့ အောင်ချမ်းသာ ကျောင်းတိုက် ၌ သိန်း (၃၃၀) ကျော် ကို ယနေ့ (၁၁.၁၀၂၀၂၅) စနေနေ့ တွင် လှူဒါန်းခဲ့တဲ့ အလှူပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
အားလုံးစုပေါင်းပြီး သံဃာတော်အရှင်သူမြတ်များအား ကထိန်လျာသင်္ကန်း ၊ နဝကမ္မ လှူဖွယ်ဝတ္ထု များဆက်ကပ်လှူဒါန်းရင်း တရားနာ၊ သာဓုခေါ်ဆိုခဲ့ကြပြီး ကြွရောက်လာတဲ့ ဧည့်ပရိသတ် တို့ကို လည်း ထမင်း၊ဟင်း တို့ ဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြပါတယ်။
ဒီမွန်မြတ်တဲ့ ကုသိုလ်အလှူဒါနပုံရိပ်တွေကိုကြည့်ပြီး အားလုံးပဲ ရွှင်လန်းဝမ်းမြောက်စွာ သာဓုခေါ်ဆိုနိုင်ရန် မျှဝေပေးလိုက်ပါတယ်
🙏🙏🙏