ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်ရှိ အောင်မြင့်မိုရ် Quarantine Center နှင့် ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ ရိုးမရိပ်သာ Quarantine Center များတွင် Covid-19 ရောဂါ ကာကွယ်ကုသနေသော ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ နှင့် Volunteer များအသုံးပြု‌စေရန် ရည်ရွယ်၍ ရသာချို စက်မှုလုပ်ငန်း လီမိတက် Yum Yum Myanmar မှ ‌ခေါက်ဆွဲခြောက် အထုပ်ရေ စုစုပေါင်း (၂၇,၀၀၀) ထုပ်အား 30/9/2020 တွင် လှူဒါန်းခဲ့ပါသည်။
နောက်ထပ် လိုအပ်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှု စင်တာများတွင်လည်း ဆက်လက်လှူဒါန်းသွားမည့် အစီအစဉ်များလည်းရှိပါသည်။
ပြည်သူ၊ ပြည်သားများအားလုံး ရောဂါဘယကင်းဝေး၍ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ…